Oct 29 က Adobe Max 2025 ကိုကြည့်လိုက်တာ Ai နဲ့ပတ်သက်ပြီး Update လုပ်ထားတာတွေအများကြီးတွေ့ရတော့မိုက်တယ်ပေါ့။ ဒီအကြောင်းအရာကိုပြောချင်ပေမယ့် Affinity ရဲ့အကြောင်းအရာသစ်တွေကိုလဲ Creative နယ်ပယ်ကသူတွေကိုသိစေချင်တယ်...

Adobe ရဲ့ အရမ်းမိုက်တဲ့ project light touch အကြောင်းအရာကိုလဲ နောက်ပိုင်းရေးပေးပါမယ်။

Affinity Interface

Affinity နဲ့ပတ်သက်ပြီးမရင်းနှီးသေးတဲ့သူတွေအတွက် အကျဉ်းချုံးကလေးနည်းနည်းပြောပြပါမယ်။ Affinity Designer က 2015 ခုနှစ်မှာ Apple Design Award နဲ့ 2018 မှာ Mircorsoft ရဲ့ Application Creator of the Year ဆုတို့ကို ရရှိထားတဲ့ Software တစ်ခုဖြစ်ပါတယ်။

Award

Affinity Designer won the 2015 Apple Design Award

လူသိနည်းပေမယ့်လဲ Adobe အသုံးပြုသူတစ်ချို့ Affinity ကိုပြောင်းလဲအသုံးပြုသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီထဲမှာ ကျွန်တော်အရမ်းကြိုက်တဲ့ “THE HONEST GUIDE TO CREATIVITY AND LOGO DESIGN” စာအုပ်ထုပ်ဝယ်သူ JAMES MARTIN ကိုယ်တိုင်ကိုက Affinity ပဲသုံးတဲ့သူဆိုတာကို သူ့ရဲ့ Short videos လေးတွေကြည့်ရင်း သိခဲ့တာဖြစ်ပါတယ်။

James Martin

JAMES MARTIN

Adobe လို တစ်လတစ်ခါ Subscription လုပ်စရာမလိုပဲ License တစ်ခါဝယ်ပြီးတာနဲ့ Lifetime အသုံးပြုနိုင်လို့ဖြစ်ပါတယ်။ အခု Rebranded လုပ်ပြီး 2025 မှာတော့ လုံးဝကို Free ဖြစ်သွားတာပါ။ License ဝယ်စရာမလိုတော့ဘူးဆိုတဲ့သဘောပါ။

Affinity Versions

Affinity Version အနေနဲ့ 2014 ခုနှစ်တုန်းက V1 နဲ့ 2022 မှာ V2 ထွက်ခဲ့ပါတယ်။ 2024 ခုနှစ်မှာ ကျွန်တော်တို့သိတဲ့ Canva ကနေပြီး Affinity Designer ကို ဝယ်လိုက်ပြီး Rebranding လုပ်နေခဲ့တာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ Affinity Designer နဲ့ပတ်သက်ပြီး အနည်းငယ်သိသွားပြီထင်ပါတယ်။
Tools

Vector | Pixel | Layout | Retouching | Color Grading

အဓိကပြောချင်တာကတော့ အခု Rebranded လုပ်ပြီး Designer တွေဆီကို ရောက်လာတဲ့ Version က 3 in 1 အသုံးပြုနိုင်တဲ့အတွက် Graphic Designer နဲ့ Illustrator တွေအတွက် တော်တော်လေးအဆင်ပြေသွားမှာသေချာပါတယ်။

(3in1 ဆိုတာက Adobe Photoshop, Illustrator, InDesign တို့လိုမျိုးကို တစ်နေရာတည်းမှာပဲ အသုံးပြုနိုင်တာကို ဆိုလိုတာပါ)။ ဒါ့အပြင် Retouching နဲ့ Color Grading တွေကိုလဲ သီးသန့် Tab လေးတွေနဲ့အသုံးပြုနိုင်လို့ တော်တော်လေးသဘောကျမိတာတော့အမှန်ပါပဲ။

Affinity က Free ဖြစ်တာမို့ Adobe Photoshop, Illustrator ကို အစားထိုးဖို့အကောင်းဆုံး Option တစ်ခုဖြစ်လာနိုင်တယ်ဆိုတာလဲမေ့ထားလို့မရပါဘူး။

Tools တွေကလဲ Adobe Softwares တွေကိုပိုင်နိုင်ထားတဲ့သူတစ်ယောက်အတွက်တော့ 75-80% လောက်အဆင်ပြေပြီးသားဆိုတာ သေချာပါတယ်။ ကျင့်သားရအောင်တော့အစပိုင်း အနည်းငယ်အခက်အခဲရှိနိုင်ပေမယ့်လဲ ခဏပါပဲ။

ကျွန်တော်ကိုယ်တိုင် ကျင့်သားရအောင်လေ့ကျင့်နေတာ ဖြစ်တဲ့အတွက် တစ်ချို့နေရာလေးတွေမှာ Shortcut key လေးတွေ မတူညီတာတွေကိုတွေ့ရပါတယ်။

လုံးဝကို Free လားဆိုတော့မဟုတ်ပါဘူး။ Photoshop မှာလို Generative Ai အသုံးပြုချင်ရင်တော့ တစ်လကို $10 နဲ့ ဝယ်ရမှာဖြစ်ပါတယ်။

Adobe ရဲ့ 1 month subscription ($69.99) နဲ့နိူင်းယှဉ်ရင် တော်တော်လေးသက်သာတဲ့စျေးနူန်းတစ်ခုလို့ပြောလို့ရပေမယ့်လဲ တစ်ဖက်မှာ Adobe လိုမျိုးတကယ့်ကြီးတဲ့ Industry ရဲ့ Ai ကတော့အမှန်အကန်ကြမ်းတာ ကျွန်တော်တို့ကိုယ်တိုင်လဲလက်တွေ့ဖြစ်ပါတယ်။ လာမယ့် Adobe ရဲ့ 2026 Versions တွေမှာ Google ရဲ့ Ai နဲ့ Topaz ရဲ့ Ai တွေရော ပါလာတာဖြစ်တဲ့အတွက်ဘယ်လိုမှ ယှဉ်ဖို့နိုင်ဖို့ဆိုတာမလွယ်ကူလှပါဘူး။

ကွာခြားချက်တွေကတော့ အများကြီးရှိပါတယ်။ Adobe Photoshop, Illustrator တို့လို တကယ့် Industrial Standard Softwares တွေကို ကိုလိုက်မှီဖို့အတွက် အများကြီးလိုအပ်သေးတာတော့အမှန်ပါပဲ။

Download Affinity
Artwork

ဒါကတော့ Affinity Designer နဲ့ 2017 တုန်းကဆွဲခဲ့တဲ့ ကျွန်တော့်ရဲ့ Artwork ဖြစ်ပါတယ်တယ်။

အားလုံကို ကျေးဇူးတင်ပါတယ်။

Share this study